ကမ္ဘာကြီးဆိုတဲ့ မပီမသကိစ္စကို လူသားအမြင်သက်သက်အရ မပီမသ

ဇာတ်စင်ပေါ်တွင်ကား ဖရိုဖရဲ မပီမသ အချစ်ကျေးကျွန်များ ဆေးသားစုတ်ချက်
အိပ်မောကျ သွေးစုပ်ခံရသူလို မပီမသ စိတ်ရှည်လက်ရှည်
အာခေါင်ကွဲနေတာ ရှိရင် အော့အန်ရင် သေရတော့မယ်ဆိုရင် ဘာကိုသာ မက်မောတောင့်တ မပီမသ
မောဟိုက်နေတာ သနားပါတယ် ပွတ်တိုက်ဖန်များတဲ့အတွက် ပါးလျကုန်တဲ့ မပီမသ
လမ်းလျှောက်လှိုက်လောင်နေတဲ့ မီးတစ်စ လည်ချောင်းထဲက တစ်စုံတစ်ရာ မပီမသ အသံမျိုးမြည်ပြီး
တိမ်လည်း တိမ်မပီမသတော့တဲ့ မြင်ကွင်းတွေဆီ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် မပီမသ
နားထင်ထဲမှာ မပီမသလားဆိုတော့ အနည်းငယ်လူးလွန့်ကာ ခပ်ကြမ်းကြမ်းဖိကုတ်ခြစ်
ညည်းသံ ခပ်ကြမ်းကြမ်းနဲ့အတူ တကယ်ဆိုရင် အဲဒီအရာတွေ မဖြစ်သင့်ဘူးထင်တယ် မပီမသ
ကျီးကန်းလို မည်းနက်အော်မြည်မှတ်တမ်းများ မျိုးစုံရောနှောနေပြီး တဆတ်ဆတ်တုန် မပီမသ
တလွဲတွေလည်း ဗလုံးဗထွေး ဟာသမဟုတ်တဲ့ လူနာခုတင်ပေါ်က ကြယ်ကလေးတွေ
လရောင်မှိုင်းလေး တစ်စတွေ့ရတယ် သားကောင်ရှိုက်သံ အသံမပီမသ မလှမပ
နှုတ်ဆက်မြှုပ်နှံ သူ့ရဲ့ ကြိုးစားမှု ရုန်းကန် ခြေဟန် လက်ဟန် ဂျစ် ဂျစ်
ထိုနတျသမီး၏ မထူးဆန်းတဲ့ ကမ္ဘာ ညခင်းမည်းမည်းထဲမှာ အတောင်ပံကျိုး ဈာပန
ရွတ်နေတဲ့ သီချင်းသံတွေ တွေ့သမျှဝင်တိုက် ယုံကြည်မျှော်လင့်ချက်စောင့်မိတဲ့အတွက်
အမှားထဲမှာ ရောက်သမျှကမ္ဘာအတွက် မပီမသ ဒီတိမ်းစောင်းမှု ဒီပေါက်ကွဲမှု
ဒီပျက်စီးတော့မှာလားဆိုတဲ့ ရနံ့ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ရင်ခုန်ပါတယ် ဘာလဲ ဘယ်လဲ
ဆိုးဆိုးရွားရွားဖောက်ပြန်ပြောင်းလဲ အဲဒါကို ဇစ်ပ်ပိတ်သကဲ့သို့ အခြေအနေမျိုး
ချောင်ကျတဲ့ ကမ္ဘာကြီး ချောင်ကျ ဖျားနေတော့ ဘယ်သူမှ သူ့တစ်ယောက်တည်း
အလင်းရောင်ရရှိမှာ မဟုတ်တော့တာပါပဲ စိုးရိမ်ပူပင်မှုစိတ်တွေနဲ့ သေသောသူ ကြာရင် မေ့သတဲ့
သူ့လည်း ကြာရင် မေ့မှာပါပဲ မပီမသအသစ်များ အထိတ်တလန့် မပီမသ
ဗုံးချည်လာသူကြား ရောက်သလို ပိတ်မိနေတယ် အိုကွာ မပီမသကြီး

စိုးမင်းအောင်
9:56 PM
24-Mar-13

Advertisements

ရောင်စုံ… ရောင်စုန်း… ရောင်စုံ… ရောင်စုန်း

လွတ်လပ်မှုကို အာခေါင်ထဲက ထွေးချလိုက်ပြီ မသိတော့ ခံလိုက်ရ အဲဒါကြောင့် ပုရွက်ဆိတ်ကို ဆင်က ချီ
ဥပမာကွာ ဘာဖြစ်တော့ ဘာဖြစ်သလဲ ငိုတဲ့ မျက်ရည်တွေ တွေ့လိုက်ရင် စကြ၀ဠာမျက်လုံး စုတ်ထွက်
ငါးလေးတွေ ကူးခတ် အထဲကို အကုန်မှုတ်သွင်းလိုက်သလို စုပ်ယူလိုက်ခြင်းမျိုးလည်း ဖြစ်နိုင် ခံစားမှုတက်လာပြီ
မျိုးရိုးဗီဇကို စစ်ေ၀၀ါးကွေ့ကောက် ပုလဲတွေ စာသားတွေ ဟိတ်ခြေလှမ်း တည့်တည့်ပွတ်ပါ ဒီဂျေ
မုန့်ကြွပ် ဘာသဘောလဲ နာရီ ဂျယ်လီတုံးလေးတွေ တုန် တတုန်တုန် တုန် ခိုဖြူ ရေထဲက အရိပ်
ကြယ်တံခွန်ရဲ့ အရှိန် အ၀ါရဲ့ အရောင် မျောက်လို အတိတ် လေးထောင့်တိမ် မီးပန်းခဲ မြေပုံ
ဘယ်ရောက်သွားပြီလဲ ပြာအဖြစ် ရှိတယ်လေ အမြင့်ရဲ့ မြင်ကွင်း ရေအောက်ရဲ့ အမြုပ်
ဒိုင်ယာရီမျက်ဝန်း အသည်းနှိုက်လက် ခဲခံထားရတဲ့ ခြေ ပွင့်နေတဲ့ ခေါင်း ပန်းနေတဲ့ ကြယ်
အောက်က ကြွက်ထောင်ချောက်ကျသံ ကြားရတယ် (ယငရဲ့ စကားတစ်ခွန်း) အိုကွာ ကမ္ဘာကြီး (ရေရွတ်သံတစ်ခု)
စီစီတီဗီ အကာနဲ့ အကွယ်မရှိ ကုန်းထတဲ့ ချော်ပေါက် ထိပ်ဖူးရဲ့ ဦး ကန့်သတ်ချက်ရဲ့ မျဉ်း
တောင်အရပ်လှည့်ထားတဲ့ ဘောင် ခြေထောက်ကို လှုပ်မယ် လှုပ်မယ် မှန်ကို ကြည့်
ငါးကို လွှတ် အချစ်ကို ဖမ်း ဆုပ်ထားတဲ့ မိုးကြိုး ချိန်းဘရောင် အချိုးအဆစ် အနေကြာ ၀င်္ကပါ
ကောင်းသော နေ့ မကောင်းသော နေ့ အိပ်စက် ထထိုင် ပျံလွှား ဆန့်တန်းရမည်ဟု
လေမှာ ယိမ်းနွဲ့ ဝေဟင်မှာ ငေးစိုက် မြေပြင်မှာ လှန်အိပ်ထားတဲ့ အက ဦးထုပ်ချွတ်ခု
ကြိတ်စက်နဲ့ ကြိတ် ပါးလွှာအရေပြား ထက်သော ခွဲစိတ်ဓား လူကြီးမင်း ရွက်
ရှေးရှေးတုန်းက အားးးးးးးးး ရှီးးးးးးးးးးးးးးးးးးးးးးး စပါးတောင်လို ပုံ မြေသြဇာ
သူ့နှုတ်ခမ်းက ဘဲငန်း ချွန်၍ သွယ်လျစင်းလွန်းသော နှာခေါင်း စူး
ကျားချောင်းရာကြီး ကျားကြီး ချောင်းရာကြီး လေလို ရင်ကို ခွဲပြမယ်
မျက်နှာမှာ ကပ်နေတဲ့ အမာရွတ်ဖတ် လက်ညှိုးသေနတ်တွေက အပီရိုး လှိုင်း
အမင်္ဂလာမဟုတ်ကြရင်တော့ မင်္ဂလာပါ မင်္ဂလာမအိပ်သေးဘူးဆိုရင်တော့
မင်းရဲ့ အသိဥာဏ်ကြီးတစ်ခုလုံးကို မင်းတက်နင်းရက်တယ် အခွံ
အသံထွက်စေတဲ့ အသံပေါက်တွေက အသံထောင်ထွက်တယ်
စိုပါစေ သင်္ကြန်ရေ ထင်ပါစေ ငြိမ်းချမ်းရေး ကုန်ကြမ်းယူဦးမလားနှင့် ကုန်ချော
မိုးနဲ့ မြေပြင် ရေပြင် လေပြင် ဝေဟင် အကုန်အေးစက်
လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ လှုပ် ယမ်း ခါ တွန့်လိမ်
မိမိအပြင်အပကို မိမိဆောင့်ရုန်းကန်တွန်းထိုးခုန်ချ ပွက်ထ
လျှပ်များစွာနဲ့ဆိုရင် ထန်းလက်လေးတော့ ကာရမှာပဲ စီးနေပြီ စီးကျနေပြီ
ပျောက်ဆုံးသွားစေသော လမ်း ဖုံး ကာ သဲ သဲ မဲ မဲ နင်း

စိုးမင်းအောင်
12:19 AM
20-Mar-2013

လမ်းညွှန်အမှောင်

ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက်ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက်ဦးနှောက်ဒီဇိုင်းကျီးတွေအာ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက် စက်ဝန်းတွေပတ် လည်ကို ဆုပ် ထောင်ချောက်တွေစီး
ရင်ကိုအုပ် ထောင့်မှာမီ ကွဲအောင်အော် အေးအောင်လွင့် ကျီးတွေအာ စက်ဝန်းပတ် ပြေးအရည်ပျော်
ထောင်ကိုကြည့် ချောက်ကို ဆုပ် အူကို မျို စာကို ရှို့ လကိုကောက် စာကိုမျို မီးတွေပန်း ဓားကိုကြည့် အရည်ပျော်ပြေး
ကြယ်ကို အူ အငွေ့တွေ ရှို့ စိတ်ကိုရှိုက်

(၁၁ ရက်၊ မတ်လ၊ ၂၀၁၃ – စမအ)
စိုးမင်းအောင်

ကျော်မသွားဖို့ အရေးအဖတ်ဇာစ်မြစ်

11:40 AM 9/26/2012
ခင်ဗျားဖမ်မလီမှာလား။ ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ ဘာထွက်လာမလဲ။
အနေအထားအသင့်ပြင်။ စည်းမျဉ်း။ ရည်ရွယ်ချက်။ ပန်းတိုင်။ ဒီဇိုင်း။
စိတ်တွေကို ချဉ်ရည်ခွက်ထဲ မြုပ်ထားရတာ။ စိတ်မရှိတာ ကြာပြီပဲ။ သေချာမှု။
ပြာတွေဟာ အမြဲလူ့အဖြစ်အပေါ် ရိုးမြေကျဖုံးတယ်။ သတိမြေကျ။
အမြင်တွေ ရောင်ကိုင်းလာပြီဆိုရင် ကာလာဘလိုင်း။ ခြောက်သွေ့သွေ့မှုန်ဝါးသွားရ။
စက္ကန့်မလပ်လှည့်စားနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတွေနဲ့။ စကီဇိုဖရီးနီးယားစက်သီး။
ရုပ်သေးများဟု။ ဆွဲရာ လှုပ်ရပြန်သည်။ ၀ိညာဉ်။ အပြာရောင်ဝတ်လမ်းလျှောက်မှုကို
ခွင့်မပြု။ ဘာကြောင့် နောက်ပြန်ဆွဲ။ ရှောင်မလွတ်တော့ရင် တည့်တည့်တိုးပဲ။
ဒီပုစ္ဆာဖြေနိုင်ရင် ဖြေကြ။ မြေကြီး ကောင်းကင်ကြား လောကကို ဖြေရှင်းဖို့။
မြေကြီး ကောင်းကင်ကြား မထင်မှတ်မှု။ သုံးမရအောင် ဘေးဖယ်ခံထားရတဲ့ ဖြိုကြိတ်လမ်းတွေဆီက။
ဟောင်းနွမ်းလွန်းနေတဲ့ တောင်ပံတွေနဲ့လား။ လေထုကြေးတက်။
တ၀ီဝီရှုပ်ထွေးလည်နေတဲ့ ရပ်မရမှုထဲ။ ကြွေကာလများ။
အောက်ခြေကို မချောမွေ့စေဘဲ ကြမ်းတမ်းစွာ ပြုလုပ်မှု။ ဆက်ဆံမှု။
အပေါ်ကို အထက်ကို ပင့်ခံ ပင့်ဖား။ အလယ်ကို ဖျောက်ဖျက်မှု။
မျက်လုံးထဲ စိုက်ဝင်လာတဲ့ ခြောက်လှန့်မှု။ ဆူးချွန်။
မပျော်ရွှင်တိုင်း ပန်းခွေ။ ပန်းခွေဟာ မြင်းမိုရ်တောင်ထက် မြင့်မား။ ၀ပ်ဆို ၀ပ်စမ်း။
တိတ်ဆို တိတ်စမ်း။ မနက်ဖန်တွေကို အခေါင်းနဲ့ ပိတ်။ အိုး ရက်စက်လှပတဲ့ ကမ္ဘာ။
အရှင်လတ်လတ်တစ်လွှာစီ နွှာတယ်။ တဆတ်ဆတ်ခါ။ သပွတ်အူကို ရွေးကောက်မလား။
ခရေကို ရွေးကောက်မလား ချစ်တဲ့ သူငယ်လေ။ တစ်ထောင့်တစ်ညဒဏ္ဍာရီတွေ။
ခင်ဗျားကံကြမ္မာတစ်ဖတ် ဒီမှာ။ အရေတစ်ဖတ် ဒီမှာ။ အသားတစ်ဖတ် ဒီမှာ။
သုံးမိနစ်စောင့်ဖို့ မလိုတဲ့ လိမ်ညာလီဆယ်ကလိမ်ကကျစ်အဓိပ္ပာယ်တွေ။
ဦးထုပ်ကို ချွတ်လိုက်တော့ အသိဉာဏ်ခေါင်းမရှိ။ အုတ်ဂူ။ အလေးချိန်မရှိ။
ဟော ခြေရာသွေးထွက်သံယို။ ပိတ်မိနေတာ ပွင့်သွားဖို့ပဲ အရေးကြီးတယ်။
ဘယ်သူ ( ) ပွင့်ထွက်သွားတာလဲ။ ဘယ်သူ့အစွန်းဥခွံလဲ။ လက်ရာ။
ခြစားအရည်။ အရည်။ ပန်းထွက်။ အလျော်ပေး။ အရေးပေါ်။

2:18 PM 9/26/2012
အန်ကယ် အာကာသကိုချည်း မကြည့်နဲ့။ အတူယှဉ်ရပ်နေတဲ့ ဘေးလူကို ကြည့်။
တကယ့်ကိုယ်ကိုယ်ကိုယ်ကြည့်သလို ကြည့်။ စုထားသမျှတွေ သိမ်းခံရတယ်ရဲ့
ရွှေ့ပြောင်းပေးရမယ်ရဲ့ အချိုးဟာ ကိုယ်ကမယ့် လက်ကို ကိုယ်ပြန်ချည်နှောင်လိုက်သလိုပါပဲ။
သန်းခေါင်ဝန်းကျင်ဒေသ။ ပစ္စုပ္ပန်တောင် မနေ့ကဆီ လျှောဆင်းသွားရတဲ့ အ။ အ။
ဆိုင်ခန်းလေး တစ်ခန်းပဲ ရှိတယ်။ ကောင်းရောင်းကောင်းဝယ်လုပ်စားဖို့ပဲ စိတ်သန်တယ်။
ဘာအရေးမှ စိတ်မ၀င်စားဘူး။ ဒါပေမဲ့ အံကြိတ်မျက်ရည်ကျရရင် လမ်းကိုလည်း ဆွဲလှန်ပစ်လိုက်မယ့်
ရဲရင့်မှုမျိုး။ အကောင်းပြောတာ။ ရစ်ပတ်လာတဲ့ ချုပ်နှောင်မှုတွေကို ဖွင့်ပေးပါ။
ပရမ်းပတာဘာမှမဖြစ်စေရဘူး။ လွတ်လပ်မျှတမှုက တာဝန်ယူပါတယ်။
အောက်ခြေခိုင်ရင် အထက်ကို ယိုင်မသွားဘူးဆိုတာ မှန်ပါတယ်။
အခုဆေးသကြား။ တော်ကြာ ဆေးခါးတိုက်ကျွေးမှုတွေ။ အား။
အမတ်ရှိသလို အယိုင်အလဲတို့လည်း ရှိတယ်။ ရှိတယ်ဆိုတာလည်း တွေ့တယ်။
တွေ့တယ်ဆိုတာလည်း သိနေတယ်။ သိနေတာကိုပဲ မြင်အောင် ကြည့်ပါ။
လေ၀င်လေထွက်သိရမယ်။ နေ၀င်နေထွက်သိရမယ်။ အားလုံးခဏငယ်ဆိုတာတွေပဲ သိဖို့။
အမှောင်တွေ လွှမ်းနေရင် မလင်းနိုင်တာ သိဖို့။ သိမှုဖွဲ့စည်းပုံ။
အခုကဗျာကို ဘယ်သိမှုနဲ့ လာဖတ်နေသလဲ သိဖို့။
တောင်လမ်းတွေဆီက တက်သွားရင် တောင်ပေါ်ကိုပဲ ရောက်တယ်။
တောင်လမ်းတွေဆီက တက်သွားရင် တောင်ပေါ်ကိုပဲ ရောက်တယ်။
အရုဏ်အတိုင်းလိုက်ရင် နေ့ဆီကိုပဲ ရောက်တယ်။
ဝင်သွားတဲ့ နေလုံးကြီးနောက်က လိုက်ရင် သန်းခေါင်ဆီပဲ ရောက်တယ်။
အဲဒါဟာ စီမံရွေးချယ်မှုပဲ။ ကျွန်တော့်မှာ ကဗျာတွေပဲ အများအပြားရှိတယ်။
အဲဒါဟာ စီမံရွေးချယ်မှုပဲ။ ကျွန်တော့်မှာ ကဗျာတွေပဲ အများအပြားရှိတယ်။
ခင်ဗျားမှာ ဘာရှိသလဲ။ အဲဒါဟာ စီမံရွေးချယ်မှုပဲ။ ဘာကို ရွေးမလဲ။
ဘယ်တွေရဲ့အကြား ညပ်နေတဲ့ အချိန်တွေ။ အကူးစက်ခံတွေ။
တစ်ယောက်ယောက်ဟာ ကိုယ့်ရဲ့ အနောက်ကို လိုက်လာလိမ့်မယ်။
ကိုယ်က အဲဒီအနောက်ကို ပြန်လိုက်ဖို့ ခြေလှမ်းစတင်လိုက်တယ်။
ဆိုပါစို့။ တစ်ယောက်ယောက်က ကိုယ့်ရဲ့ အနောက်ကို ပြန်လိုက်နေလိမ့်မယ်။
အစိတ်စိတ်များ စုစည်းမရ ကွဲထွက်လျက်။ ဖြန့်ကြက်။
ဟေ ရေး ရေး ဟေ။ သားစပိုက်ဒါမန်းဝတ်စုံဝတ်လိုက်ရင် လူတွေကို လိုက်ကယ်နိုင်မလား။
ဒါဆိုဖေဖေလည်း မင်းနဲ့ တွဲပြီး ၀တ်လိုက်မယ်။ ဟေ ရေး ရေး ဟေ။
နားနားနာ နာနာ။ ဘာကြောင့်ကယ်ချင်ရတာလဲ။
ဒါနဲ့ပဲ ဆုံးရတော့မယ်။ အစစပေါ့လေ။
စိမ်းလန်းပါစေ။ တကယ်ကို စိမ်းလန်းပါစေ။
တဖြည်းဖြည်း ဆုံးရတော့မယ်။ ဘယ်အရာမှ မဆုံးဘူး။
ပြဿနာဂိမ်း။ ချည်ခင်။ တကယ်ခက်ခဲတယ်။ နှလုံးခုန်တာ။ လိုက်ခုန်။

3:27 PM 9/26/2012
စိုးမင်းအောင်

ခေးအော့စ် ညွှန် အိမ်မြှောင် ကျက်သရေ

8:20 AM 9/25/2012

ဓာတ်ပြုထားတာတွေ ကြွနေပြီ ဘယ်အထဲ ခဏ ခဏမိသလဲ
ခိုနားမှုဟင်းလင်းမှာ ပွေလီတဲ့ မူးမောမရှုနိုင် မကယ်နိုင် တစပြင်လှိုင်းတိုလှိုင်းရှည်တွေ
အတုံးအခဲတွေ မြုပ်သွားတယ် တစ်ပိုင်းတစ်စ ကိုယ်ဟာ သားကောင်လို့ သိရှိပြီးချိန်
လက်ချောင်းကြားတွေ ချွေးစို့တုန်း ကော်ပီပွားထားလိုက်တာ
တချို့က အဲဒါကို ကြည့်မရတော့ဘူးဗျ သေချာတယ်
ကြည့်ရတဲ့သူ ကြည့်ပေါ့ နေ့တိုင်းတစ်ခုခုတော့ ကြည့်လိုက်သင့်တယ်
တဖြည်းဖြည်းနဲ့တော့ ဘာမြင်ရမလဲဆိုတာ မြင်လာမှာပဲ
ကန်ရေထဲကို ခြေနှစ်စိမ်လိုက်ချိန် သားစားငါးတွေ ရှိမနေဖို့
အပြုအမူတိုင်းဟာ အန္တရာယ် ၀ိတ်ကြောင့် မိုးတိမ်ကြီးလို မျောမနေနိုင်တာ
ငါရွဲ့ပြုံးလိုက်တာ ဘယ်လိုမြင်သလဲ ငါနဲ့ မင်းတို့ကြား ကန့်လန့်ကာတွေ ပိတ်ခြားထားပြီးချိန်
မင်းဘယ်လိုနေသလဲ ငါလှုပ်နေတယ် ငါရှိတယ် ငါလှုပ်နေနိုင်သေးတယ်
ဧရာဝတီလည်း စီးနေတုန်းပဲ ဂွတ်မောနင်း မြတ်ခြင်းဆီ စီးဆင်းတယ်
အလမ္ပာယ်ပြစားခံရတဲ့ စကြ၀ဠာတိုက်အတွင်းမှာ စက်ဝိုင်းတွေ ရေးပြီး သုညအဖြစ်မြင်ပါ
အခုရင်တစ်ခုလုံးကလည်း ညိုနေတယ် ယုန်သူငယ်
သေခြင်း(လ)ဆိုး အိပ်ခြင်းနဲ့ သေခြင်းမကွဲပြားကိုယ်ထည်
အစမှာ မစကြရင် စစ်ပြေးစရာလည်း မလိုတော့ဘူး
မူရင်း ((((((((((((((((((လိမ်လိမ်မာမာနေမယ်))))))))))))))))))
အကြောင်းကောင်းမှ အကျိုးကောင်းမယ် အဖြစ်မှန်ဖော်ထုတ်ရန်တံတွာတွေ
လမ်းလျှောက်ကြတယ် လမ်းတွေ ပုပ်သွားကြတယ်
ညနေခင်းကြတယ် ညနေခင်းတွေ ပုပ်သွားကြတယ်
အောင်မြေရှာကြတယ် အောင်မြေတွေ … … … … … သွားကြတယ်
ခြေတွေ ပုပ်သွားကြတယ် ကြယ်သီးကို တပ် အဖုံးအကာအုပ်ဆောင်း
လမ်းလျှောက်ဖို့ ပြန်စကြတယ် ညနေခင်းဖို့ ပြန်စကြတယ်
အောင်မြေရှာဖို့ ပြန်စကြတယ် အသေးစိတ်သိရှိလိုရင်
မိမိကိုယ်ကိုယ်စုံစမ်းရန် အမျိုးအမည်မသိတဲ့ အသွင်အပြင်ပုံစံတစ်မျိုးဖြစ်တတ်တဲ့ အစီအစဉ်တစ်ခု
အထင်ရှားဆုံး အထူးကုရန် ဌာနေ ပျိုးခင်း သဲလွန်စ

စိုးမင်းအောင်
9:06 AM 9/25/2012

ကြက်သီးတစ်လျှောက် လှမ်း

11:15 PM 9/15/2012
ဒီအသီးဆော့နေတာကို ချက်ချင်းရပ် (ပထမနဲ့ နောက်ဆုံးဆီက) အမှတ်အသားဖုန်ခါပစ်လိုက်တော့မယ်
မျက်နှာစာရဲ့ အရှေ့က တားထားတဲ့ သံဆူးကြိုးတွေ အဆူးဆုံးသွေးလန့်မှု ဂယက်လှုပ်နေပုံအမျိုးမျိုး
အခြေခံသဘာဝ ကျွန်တော်တို့ အလုပ်ပြဿနာ ပွန်းပြတ်မှု အဆင့်မြင့် အဖြစ်ဆုံးမို့ အဆုံးစွန်ကို ရပ်မရတဲ့ မိတ္တူစက်တွေပဲ
အကန်းအရမ်းစမတ်က မျိုသွားတဲ့ မြို့ကြီးလား မြို့ကြီးက မျိုသွားတဲ့ အခန်းကဏ္ဍလား ရေးတေးတေး ဘယ်လိုနေသလဲ
ထုကြီး ထည်ကြီး ဂိမ်းနဲ့ တိုက်ခိုက်ရလိမ့်မယ် ခဲသွပ်နမ်းခန်းပါ မပါ အညွှန်း မြေပုံပျောက်တယ်ဆိုတာ ရုတ်တရက်မိလိုက်တဲ့ အဆိပ်တွေ
အပုပ်လွန် လူချည်းပဲ ချိုရှောင်ရန် ပိတ်မိနေပြီ ဒီဇိုင်း အယားမပြေ ဂိုဒေါင်ထဲတွင် လှည့်လည်ပြေး နှစ်များစွာ မျိုးဆက်များကို ကြည့်ပါ
လိင် ပိုက်ဆံ အာဏာ တိုင်ပွတ်အက လူးလွန့် ဆလိုက် လွှား အိုးနင်းခွက်နင်း တရစပ်စုပြုံခြင်း လုံးပန်းဝန်းကျင် သိစိတ်မရှိ နုံးနွမ်း
ဟိုဆေးတွေ ယူသွားတယ် ကြားတယ် ရောနှောပျော်ဝင်သွားမှုသာမက အချို့သော SPACE များမှာ လက်ဆော့ မျက်ရည်ခတ်
စိတ်ဖောက် တဖြည်းဖြည်းနဲ့ ကြားထဲ ညပ် အဖြေ ဖြေဆည်စရာ မဟုတ်သော တစ်နည်းမဟုတ် တစ်နည်း ပြာနှမ်းလိုက်
ပန်းအစစ် စစ်ပါစေ ပန်းခွေတွေ ဘယ်အတွက်ပေါ့ အရှေ့ပြီး အနောက် မတောင့်တအပ်တဲ့ အရာများဖြစ်သောကြောင့်
မျက်လုံးမှိတ်လို့ မရဘူး မှိတ်နေတယ်လို့ပဲ မလွှဲသာ မရှောင်သာ သဘောထားပါ တောင့်တောင့်ကြီးပဲ
အလယ်အလတ်တန်းတူမဖြစ်သော နိမ့်မြင့်လေးတွေ ဘေးထိုးကျတွေ ဖြစ်တတ်တယ် လည်ချောင်းထဲကို လက်နှိုက်ကလော်ကြည့်ပါ
အန်လိမ့်မည် ပြန်ပြီး မှတ်သားပါ ထပ်ခါ ထပ်ခါ ဟင်းလင်းထဲ ဆို့ခံထားရတဲ့ ခြေအိတ်တွေ ထုတ်လိုက် ရေတွက်
ကြောက်စရာကောင်းလောက်အောင် ကြောက်ပြီး ရယ်လည်း ရယ်မိသေးတယ် တွေ့ရှိချက် မိုးကုပ်စက်ဝိုင်းဗွေရာအောက်က
ကုပ်စုပ်ခံရတဲ့ အစွယ်ရာတစ်မျိုးမျိုးမှန်မှန် စမ်းလိုက်မိသေးတာ မဆန်းပြား FIRE အလွန်ဆွသော အလွန်လျင်မြန်သော ပုံစံရှိ
ခြစ် ခြစ် ခြစ် ခြစ်ကုတ် အ၀အတွင်းသို့ ထိုးကျင့်ခြင်း အလောင်း အဟုန် မနားတမ်း သူတို့လာနေပြီ
အခြားသွားလို့ မရဘူး သူပဲ ကိုက်ခဲ့တာပဲ မေ့လောက်တော့မယ် ထင်ရတုန်း တစ်ဖန် တစပ်စပ် တရစပ် ဆတ်ဆတ်
တုန်ပတုန် တော်တော်ဆဆ ဓာတ်ပြုအဆိုး
တို့တစ်တွေ

စိုးမင်းအောင်
12:10 AM 9/15/2012

စကားလုံးလူလှုပ်ရှားပုံအားဖြင့် ဇိမ်ရှိနေတယ်

8:15 PM 9/13/2012
မနေ့က ဖြစ်ပွားတဲ့ အပျက် ကန့်လန့်ကာမှာ စွန်းနေတဲ့ အတွေ့အကြုံအရိပ်
အကောင်အထည်ဖော်ပြလို့ မရတဲ့ အဓိပ္ပာယ်အနက်ကွက် ကြားနေတယ်ထင်ရတဲ့ အသံတစ်ခုခု
လှမ်းကိုင်လိုက်ဖို့ ခက်တယ် ဖုံး ဗုံး ဒါမှမဟုတ်ရင် ဗြုန်း ၀ုန်း အစွမ်းပြပြန်ပြီယုံကြည်တယ်
ဒီနေရာက ထွက် အူဟူးဟူး ဒီအရာက လျှော့ချ ဒီအရာက ရှောင်ထွက် ဒီအရာက ကူးသန်းဖို့
ခွဲခြားကွဲပြားချိန်မရှိတဲ့ အရာတွေ ပြိုင်ပွဲ မှိတ်တုတ် မှိတ်တုတ် လင်းတစ်ပြက် မှိတ်တစ်ပြက်
မုန့်တစ်ပြက် ဓားတစ်ပြက် တစ်ယောက်တည်းသွားရဦးမယ် ခြောက်စကားမစပ်
အရမ်းလည်း ပျော်စရာ ကောင်းပါတယ် အပိုင်းအစအဖွဲ့အစည်းအရေးအခင်းပါပဲ
ဦးနှောက်နဲ့ ပိုက်ကွန်နဲ့ ပါးစပ်နဲ့ ချိတ်နဲ့ အသင့် တစ် နှစ် သုံး နောက်ဆုံးအဆင့် အချိန်ပြည့်ပါတော့မယ်
ကြိုးစားထားပါ ပုံမှန်ငြိသွားပြီ အရင်ကအတိုင်း တူသွားပြီ အတုံးနားချင်းများလား အမုန်းနားချင်းများလား
ငြိမ်ငြိမ်ထား ငြိမ်ထား ငြိမ် ထိန်းထား ချောင်းကြည့်သည် လှုပ်ခတ်ဂယက်ထထသွားတယ်
သတင်းရရှိပါတယ် မနေ့က ပျက်ပွားတဲ့ အဖြစ် နေကောင်းတယ်နော်
သူခေါင်းမရှိတော့ဘူးလေ ကိုယ်ကတော့ ဘာမှ မရှိတော့ အနေတာလား သနားပါတယ်
ပွေ့ထားခဲ့လိုက်မယ် နီးနီးက ယုယ မဟုတ်ရင် ဝေးဝေးက ရှောင် ဟုတ်သလား
ကြည်နူးချိန်တစ်ခုခု အသွားနဲ့ အပြန် ကျိန်ပြောရဲတယ် အသွားနဲ့ အပြန်
လက်ချင်း ချိတ်ပါ ညှာတာ ညှာတာ ဒီဒီဒီးဒီး အူဟူးဟူး လိုက်ခဲ့မလား
မွေးဖွားမှုဗဟို ဆင်ခြင်မှုသတိ အရမ်းအန္တရာယ်များတယ် စီးစီးပိုးပိုး
မီမိုမမေမီဟာ ပြားသလား လူတိုင်း သူ့ဘ၀ထဲကို ထည့်ယူသွားလို့ ဖြစ်သလား
ဗိုက်သားကို ချပ်ရပ်စေပြီး သင့်တော်မလား လိုက်မလား လိုက် လိုက်မလား
အသည်းမှာ အရုပ်ဆွဲခဲ့တာ ကွင်းပြင်ကျယ်ကြီးသို့ သွားသည် မသေအောင် စောင့်
ကြယ်တွေလည်း မြင်ရမယ် မျောနေမယ် ဖြစ်နေတာတွေအားလုံး မြင်ပျက်ရမယ်
အရသာရှိလို့ ခရီးစဉ်ထွက်ပေါက် လမ်း အဖြစ်အပျက်တစ်ခုမက တင်းတောင်
သဲကြီးမဲကြီး မည်းမည်းကြီး အစိတ်အပိုင်း ကောင်းလာပြီ တော်တော်လေး ကောင်းလာပြီ
လေးတော်တော်ကောင်းလာပြီ ကွယ်ရာမှ ထွက်လာတော့မယ့် အပိုင်းကို ရှုရတယ်
မြင်ရလိမ့်မယ် ပုံစံပြမယ် စွန်းနေတဲ့ အိပ်မက်လို့ ထင်ရတဲ့ အရာတစ်ခုခု
စည်းအတွင်းအပြင် မဟုတ်ရင် ဒီကမ္ဘာကြီးထဲမှာပဲ ပြီးဆုံးရမယ့် အရာတစ်ခုခု
လှုပ် လှုပ် လှုပ် လှုပ် ယမ်း တုတ် တုတ် တုတ် တုတ် စမ်း
အချက်ပေး ဂဃနဏ လားရာဂတိ မြောလည်ရပြန်

စိုးမင်းအောင်
8:58 PM 9/13/2012